ကျောင်းကုန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးမှပြန်လာသူ မော်တော်ယာဉ်မောင်း(၁၁)ဦးအား ‌ဆန္ဒမဲပေးရေးစီစဉ်ပေး

ကျောင်းကုန်း နိုဝင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးမှပြန်လာသူ မော်တော်ယာဉ်မောင်း(၁၁)ဦးအား သက်ဆိုင်ရာမဲရုံများသို့ ပြည်သူ့ဆေးရုံလူနာတင်ယာဉ်ဖြင့် ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ဆန္ဒမဲ လက်ခံကောက်ယူပေးခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့ အမှတ်(၁)ရပ်ကွက်ရှိအ.ထ.က(၁) မဲရုံအမှတ်(၂)တွင်(၂)ဦး၊ အမှတ်(၂)ရပ်ကွက် ထ(ခွဲ)အောက်ပိုင်း မဲရုံအမှတ်(၁)တွင် (၂)ဦး၊ မိုးလုံလေလုံခန်းမ မဲရုံအမှတ်(၂)တွင် (၂)ဦးနှင့် အ.မ.က မြို့သစ် မဲရုံအမှတ်(၃)တွင် (၅)ဦး စုစုပေါင်း(၁၁)ဦးအား မဲပေးခွင့်မဆုံးရှုံးစေရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)