ဘားအံမြို့ အမှတ် ၁ ကူးဆိပ်ရပ်ကွက် မဲရုံအမှတ် ၁ တွင် မဲရုံပိတ်သိမ်း၍ ဆန္ဒမဲလက်မှတ်များအား ရေတွက်

ဘားအံ နိုဝင်ဘာ ၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အမှတ် ၁ ကူးဆိပ်ရပ်ကွက်မဲရုံအမှတ်(၁)၌ ညနေ ၄ နာရီအချိန် တိတိတွင် မဲရုံးမှူးကမဲရုံကို ပိတ်သိမ်းကြောင်းကြေညာပြီး နိုင်ငံရေးပါတီကိုယ်စားလှယ်များ စောင့်ကြည့် လေ့လာသူများရှေ့မှောက်တွင် ဆန္ဒမဲလက်မှတ်များ ကို ပွင့်လင်းမြင်သာစွာရေတွက်လျက်ရှိသည်။

ဘားအံမြို့နယ်တွင် မဲရုံပေါင်း ၂၃၀ ဖြင့် အထွေထွေရွေးကောက်ပွဲကိုကျင်းပလျက်ရှိပြီး မဲဆန္ဒရှင် ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြကာ ညနေ ၄ နာရီမဲရုံပိတ်သိမ်းချိန်တွင် ဆန္ဒမဲလက်မှတ် အရေအတွက်များကို ရေတွက်​နေခြင်း ဖြစ်သည်။

ဘားအံမြို့အမှတ်(၁)ကူးဆိပ်ရပ်ကွက် မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၂၀၈၂ ဦးရှိပြီး ကြိုတင် မဲပေးသူ ၅၀၀ ဦးရှိကာ ယနေ့တွင် ၁၀၅၆ ဦးလာရောက်ဆန္ဒမဲပေး ခဲ့ကြောင်း  အမှတ်(၁) ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးထံမှ သိရသည်။

ယခုအခါ ဆန္ဒမဲလက်မှတ်များကို ရေတွက်လျက်ရှိပြီး ရရှိလာသည့်ဘမဲရလာဒ်အဖြေများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ထံပေးပို့၍ မဲရလာဒ်အဖြေများကို ထုတ်ပြန်ကြေညာ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

စောမျိုးမင်းသိန်း