မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ခရိုင်ပေါင်းစုံ အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

ကွေး မေ ၁၈

၂၀၂၄ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၁နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် သရက်ခရိုင်အသင်းနှင့် မင်းဘူးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ သရက်ခရိုင်အသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းဆု၊ အလယ်တန်းဆု၊ ရှေ့တန်းဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရသူများအား ဆုကလပ်နှင့် ငွေသားဆု၊ ပူးတွဲတိတယဆုရရှိသည့် မကွေးခရိုင်အသင်းနှင့် ချောက်ခရိုင်အသင်းအား တစ်ဦးချင်းဆွဲပြားနှင့် ငွေသားဆု၊ ဒုတိယဆုရရှိသည့် မင်းဘူးခရိုင်အသင်းအား တစ်ဦးချင်းဆွဲပြားနှင့် ငွေသားဆုများကို တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများကလည်းကောင်း၊ ပထမဆုရရှိသည့် သရက်ခရိုင်အသင်းအား တစ်ဦးချင်းဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ခရိုင်ပေါင်းစုံ အသက် (၂၁နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (ကတွင် သရက်ခရိုင်၊ မင်းဘူးခရိုင်နှင့် ပခုက္ကူခရိုင်အသင်းတို့ကလည်းကောင်း၊ အုပ်စု (တွင် ချောက်ခရိုင် မကွေးခရိုင်နှင့် အောင်လံခရိုင်တို့ကလည်းကောင်း ပတ်လည်ကစား၍ မေလ (၁၅) ရက်နေ့မှ (၁၇)ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အောင်ကို (ဖန်ခါးမြေ)