ဖျာပုံ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ စည်းကမ်းတကျ ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၆ နာရီအချိန်မှ စတင်ကာသက်ဆိုင်ရာမဲရုံများသို့ ဆန္ဒမဲများလာရောက်မဲပေးကြကြောင်း သိရသည်။
ဖျာပုံမြို့နယ်မှာ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ(၇)ပါတီမှ ပါတီကိုယ်စားလှယ်လောင်း(၂၅)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ စုစုပေါင်း(၇၅)အုပ်စု၊ မဲရုံပေါင်း(၂၄၉)ရုံ၊ မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်ပြည်သူ (၂၁၁၆၃၉)ဦးရှိပြီး မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံများတွင်လည်း မဲဆန္ဒရှင်ပြည်သူများက စည်းကမ်းတစ်ကျ ဆန္ဒမဲများလာရောက်ပေးကြေကြာင်း သတင်းရရှိသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)