ပေါက်ခေါင်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးလမ်းညွှန်ချက် များနှင့်အညီ စိတ်ပါဝင်စားစွာ ဆန္ဒမဲပေးခဲ့

ပေါက်ခေါင်း      နိုဝင်ဘာ    

ယနေ့ နိုဝင်ဘာလ   ရက်တွင်ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုက‌ ရေစီအထွေထွေ ရွေးကောက်ပွဲ ကြီးတွင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ  မဲဆန္ဒနယ်မြေမှ မဲရုံပေါင်း ၂၁၂ ရုံ၌ မဲဆန္ဒရှင် ပြည်သူများက  ကျန်းမာ ရေးလမ်းညွှန်ချက်များနှင့်အညီ စိတ်ပါဝင်စားစွာ ဆန္ဒမဲပေးခဲ့ကြောင်း သိရ သည်။

မဲရုံအသီးသီး၌ ကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အဖွဲ့ဝင်များ၊မဲရုံမှူးများက  ပါတီအသီးသီးမှ မဲရုံ ကိုယ်စားလှယ် များရှေ့မှောက်တွင် မဲပုံးများကို လုံခြုံရေးကြိုးများချည်နှောင်ချိတ်ပိတ်ခဲ့ပြီး၊ နံနက် နာရီအချိန်တွင် မဲရုံများကို စတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင်ပြည်သူများကလည်း ဆန္ဒမဲပေးခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်တွင် ကျေးရွာအုပ်စု ၅၃ အုပ်စု၊မြို့ပေါ်ရပ်ကွက် ခု ရှိပြီး၊တစ်မြို့နယ်လုံးတွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း  ၉၉၆၂၃    ဦး ရှိသည်။နိုင်ငံရေးပါတီများအနေဖြင့် ပါတီ ခုမှ ကိုယ်စား လှယ်လောင်း များဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး၊ပြည်သူများကလည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ချမှတ် ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ လွတ်လပ်စွာ ဆန္ဒမဲပေး လျက်ရှိကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)