လဟယ် မေ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိက သင်တန်းဆင်းအမှာစကား ပြောကြားပါသည်။ ထို့နောက် သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းလက် မှတ်များပေးအပ်ပြီး သင်တန်းနည်းပြဆရာ/မများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။
ဆက်လက်ပြီး အသိပညာပေးဟောပြောပွဲကို ကျင်းပရာတွင် လဟယ်မြို့နယ် မြိုမစခန်းမှူးဒုရဲမှူးသိန်းလွင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါ အန္တရာယ်သိကောင်းစရာခေါင်းစဉ်ဖြင့် လည်းကောင်း၊ လဟယ်မြို့နယ် ပတ်၀န်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပီတာသိုင်ဆောမ်ဟောက်က မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောပါသည်။
ထို့နောက် တက်ရောက်လာသူများအား အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ရုံး၀န်ထမ်းများ၊ လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝိုင်းအောင်နှင့် သင်တန်းနည်းပြများ၊ လဟယ်မြိုနယ် မြို့မရဲစခန်းမှူး ဒုတိယရဲမှူးသိန်းလွင်၊ လဟယ်မြို့နယ် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပီတာသိုင်ဆောင်ဟောက်၊ သင်တန်းသား/ သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)