ရေတာရှည် မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ ဆည်ရေသောက်၊ မြေအောက်ရေ၊ မြစ်ရေတင် (လျှပ်စစ်၊ ဆိုလာ) စနစ်တို့ဖြင့် နွေစပါးစုစုပေါင်း (၁၉၉၄၀) ဧက စိုက်ပျိုးထားသည့် အနက်မှ အထွက်နှုန်းမှန်ကန်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းကြီးကျေးရွာအုပ်စု၊ အမတ်ကြီးခုံကျေးရွာ ကွင်းအမှတ် (၆၂၆)၊ ဦးပိုင်အမှတ် (၄၁/၂၁) တောင်သူဦးကျော်သူ၏ နွေစပါးဧက ၂ ဒသမ ၂၀ ဧက အနက်မှ သုည ဒသမ ၁၀ ဧက နှံကောက် စပါးမျိုးစိုက်ခင်းအား "ကောင်း" ကိုယ်စားပြု စံကွက်အဖြစ် ရွေးချယ်၍ ကျင်းပသည်။
ထိုသို့ကျင်းပရာသို့ မြို့နယ်စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ဒေသခံတောင်သူများ လာရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ဆွာဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးခဲ့သည့် တောင်သူ ဦးကျော်သူ၏ "ကောင်း" ကိုယ်စားပြုနွေစပါးစံကွက်တွင် မြို့နယ်စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခဲ့သည့် နှံကောက်စပါးမျိုးအား ရိတ်သိမ်းရာ တစ်ဧကစပါးအထွက်နှုန်း စပါးအစိုတင်း (၁၄၆ ဒသမ ၈၇) တင်း ထွက်ရှိကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ နွေစပါး စုစုပေါင်း (၁၉၉၄၀) ဧက စိုက်ပျိုးအောင်မြင်လျက်ရှိပြီး နွေစပါးအထွက်နှုန်း ကောင်းမွန်လျက်ရှိကာတောင်သူလယ်သမားများ ဈေးကောင်းရရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)