ကံမမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲပေး

ကံမ နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ  ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ ရက်နေ့ ယနေ့နံနက်ပိုင်း မဲရုံစတင်ဖွင့်လှစ်သည့်နံနက် ၆ နာရီမှစတင်၍ မြို့နယ်အတွင်းရှိမဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးလျက်ရှိသည်။

ကံမမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၅၂ အုပ်စု  စုစုပေါင်း ၅၆ အုပ်စု၌ မဲရုံပေါင်း ၉၇ ရုံ မဲဆန္ဒရှင်  ၆၀၄၈၅  ဦးရှိပြီး  ပါတီ ၄ ခုမှ ကိုယ်စားလှယ်လောင်းတို့အား  မဲဆန္ဒရှင်ပြည်သူများက  မိမိတို့ကြိုက်နှစ်သက်ရာ  ကိုယ်စားလှယ်လောင်းများအား လွတ်လပ် ပျော်ရွှင်စွာ ဆန္ဒမဲပေးလျက်ရှိသည်။ အဆိုပါမဲရုံများတွင် မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်ချက်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ  ညွှန်ကြားထားသည့်  ညွှန်ကြားချက်များနှင့်အညီ စနစ်တကျစီစဉ်     ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)