စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အတွင်းရှိ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ မေ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်/မြို့နယ် ပညာရေးမှူးများ၊ စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေး ညှိနှိုင်းအစည်းအဝေးကို မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။

ယင်းနောက် စစ်ကိုင်းခရိုင်ပညာရေးမှူး ဦးရဲထွဋ်က စစ်ကိုင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သွားမည့်အခြေအနေများ၊ ၄င်းကျောင်းများ၏ ကျောင်းဉပတိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ်လှပရေးနှင့် ကျောင်းဖွင့်ချိန်တွင် စာသင်ကြားနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် အခြေခံပညာကျောင်းများအလိုက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေး လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများ၊ ကျောင်းများအတွက် သင်ကြားရေးအထောက် အကူပြုပစ္စည်းလိုအပ်ချက်များနှင့် ကျောင်းများအတွင်း သန့်ရှင်းသပ်ရပ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စစ်ကိုင်းခရိုင်အတွင်းရှိ ကျောင်းများ၌ ယခင်နှစ်များကထက် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားနိုင်ရန် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ရှိ ထမင်းစားဆောင်သို့ရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နေ့လည်စာအတူ တကွသုံးဆောင်ရခြင်းအား ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ဆရာမကြီး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ သင်ကြားရေးနှင့်စီမံရေးဌာနများမှ အရာထမ်း/ အမှုထမ်းများနှင့် နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်