နတ်မောက်မြို့နယ်တွင် ဘောင်ကြီးစနစ်ဖြင့် နွေနှမ်းများ စိုက်ပျိုးလျက်ရှိ

နတ်မောက် မေ ၁၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ အင်းကုန်းကျေးရွာ၊ ဘုန်းတော်ပြည့်ကျေးရွာ၊ တောင်ထောင့်ကျေးရွာနှင့် ပ/လက္ခုပ္ပင်ကျေးရွာများတွင် ဘောင်ကြီးစနစ်ဖြင့် နွေနှမ်းစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ်၌ ဆီထွက်သီးနှံဖြစ်သည့် နွေနှမ်း (၈၇၇)လျာထားဧကတွင် (၇၈၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး နွေနှမ်းပန်းတိုင်တစ်ဧက တင်း (၂၀)ထွက်ရှိရေးအတွက် ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ်ဖြင့်  ပြောင်းလဲစိုက်ပျိုးလျက်ရှိရာ ရာသီအချိန်မီစိုက်ပျိုးနိုင်ရေး၊ ဖြည့်စွက်ရေပေးသွင်းလျက်ရှိပြီး နွေနှမ်းရိတ်သိမ်းချိန်ထိ ထုတ်ကုန်ကောင်းရရှိနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တောင်သူများဖြင့် ပေါင်းစပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

လှဝင်း