ဆိပ်ဖြူမြို့နယ်တွင် နွေရာသီ သောက်သုံးရေအခက်အခဲရှိသည့် ဒေသခံပြည်သူများအား သောက်သုံရေးများ သွားရောက်လှူဒါန်း

ဆိပ်ဖြူ မေ ၁၆

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနက နွေရာသီကာတွင် သောက်သုံးရေလုံလောက်မှုမရှိသည့် ဒေသခံပြည်သူများအား သောက်သုံးရေများကို ယမန်နေ့ ညနေပိုင်းက သွားရောက်လှူဒါန်ပေးကြောင်းသိရသည်။

အဆိုပါရေပေးလှူခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးအေးမင်း၊ မြို့မမီးသတ်စခန်းမှူး ဦးဖြိုးဝေအောင်တို့ကြီးကြပ်၍မီးသတ်ဖွဲ့ဝင်များက  ဆိပ်ဖြူမြို့ အလယ်ပိုင်း (မာလာမြိုင်) ရပ်ကွက်ရှိ အိမ်ခြေ (၈၀) အိမ်၊ လူဦးရေ (၂၁၀) ဦးအတွက် သောက်သုံးရေဂါလံ စုစုပေါင်း (၃၂၀၀) အား မြို့နယ်မီးသတ်တပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့်သွားရောက်လှူဒါန်းပေးခဲ့ကြောင်း၊ ဒေသခံပြည်သူများအလားတူ သောက်သုံးရေလုံလောက်မှုမရှိ အခက်အခဲများ  ဖြစ်ပေါ်လာပါက မြို့နယ်မီးသတ်တပ်ဖွဲ့ထံသတင်းပို့၍ သောက်သုံးရေများကို ချိတ်ဆက်ရယူနိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက ပြောကြားချက်အရ သိရှိရသည်။

ကိုဇွဲ(အညာမြေ)