ပဲခူး မေ ၁၆
လေပြင်းဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများကို မေလ (၁၄) ရက်နေ့က ပဲခူးမြို့ရှိ လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။
မိုးကြိုကာလဖြစ်သည့် (ဧပြီလနှင့်မေလ)တွင် အများဆုံးဖြစ်ပွားလေ့ရှိသည့် လေပြင်းဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ အရာထမ်း/အမှုထမ်းများက ပဲခူးမြို့ရှိ လူစည်ကားရာနေရာများတွင် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)