ဇလွန်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဇလွန် မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ညောင်ပင်သာကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဟုတ်စိန်က လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်ဓာတ်အားကို ပေါ့လျော့စွာ အသုံးမပြုရန်၊ မလိုအပ်သော မီးချောင်း၊ မီးလုံး၊ မီးခလုတ်များကို ပိတ်၍ထားရန်၊ ရေစိုနေသောလက်ဖြင့် မီးခလုတ်များကို ဖွင့်/ပိတ်ခြင်းမှ ရှောင်ကြဥ်ရန်၊ ကလေးသူငယ်များကို မီးခလုတ်၊ ပလပ်ပေါက်များနှင့် ဆော့ကစားခြင်းမပြုရန်၊ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ရှောင်ကြဉ်ရမည့်အချက်များ၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းရေး၊ အလေအလွင့်မရှိစေရေး၊ လျှပ်စစ်ဓာတ်အားခ ကြွေးကျန်မရှိစေရေး စသည့်အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ဝေယံ - ဇလွန် (ပြန် /ဆက်)