ကလေးမြို့လူထုအခြေပြုဗဟိုဌာန၌ “အပြောင်မြောက် ဆုံးဘဝတစ်ခုတည်‌ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကလေး မေ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “အပြောင်မြောက် ဆုံးဘဝတစ်ခုတည်‌ဆောက်ခြင်း” စာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါဆွေးနွေးပွဲတွင် ဒေါ်ဟွဲလွန်းမန်းကဒေါက်တာဖေမြင့် ရေးသားသော “လူငယ်နှင့်အ‌ကောင်းဆုံးဘဝကိုတည်‌ဆောက်ခြင်း” စာအုပ်ပါ လက်တွေ့ကျသော စိတ်ကူးယဉ်သမားများ၊ အခွင့်အရေးဆိုသည်မှာ၊ ကျားကုတ်ကျားခဲစိတ်ဓာတ်စသည့် အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက သက်ဆိုင်ရာခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးစာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ (Talk Show) များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)