ကလေး မေ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း”စာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒေါ်ဟွဲလွန်းမန်း က ဒေါက်တာဖေမြင့် ရေးသားသော “လူငယ်နှင့် အကောင်းဆုံး ဘဝကိုတည်ဆောက်ခြင်း” စာအုပ်ပါလက်တွေ့ကျသောစိတ်ကူးယဉ်သမားများ၊ အခွင့်အရေးဆိုသည်မှာ၊ ကျားကုတ်ကျားခဲစိတ်ဓာတ်စသည့် အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများကသက်ဆိုင်ရာခေါင်းစဉ် ကဏ္ဍများအလိုက်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ(Talk Show)များကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)