လိပ်သိုဒေသတွင် လိုင်ချီးသီးများ လှိုင်လှိုင်ထွက်ချိန်ဖြစ်သော်လည်း အပူချိန်ပြင်းထန်မှုကြောင့် အထွန်းနှုန်းကျဆင်းနေ

လိပ်သို မေ ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအများစုတွင် လိုင်ချီးပင်များ ရှင်သန်ဖြစ်ထွန်းအောင်မြင်လျက်ရှိရာ ယခုအခါ လိုင်ချီးသီးများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်သော်လည်း အပူချိန်ပြင်းထန်မှုကြောင့် အထွက်နှုန်းများ ကျဆင်းလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

ယခုနှစ် လိုင်ချီးသီးများပေါ်ဦးစ၌ အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ အလုံး (၁၀၀) ပါ တစ်ထုပ်လျှင် (၆၀၀ဝိ/-) ကျပ်မှ (၇၅၀ဝိ/-) ကျပ်အထိ ဈေးကောင်းရရှိပြီး ယခုလိုင်ချီးသီးများ လှိုင်လှိုင်ထွက်ရှိလာချိန်တွင် ကျပ် (၃၀၀ဝိ/-) မှ (၅၀၀ဝိ/-) ကျပ်အထိ ဈေးရရှိနေကြောင်း၊ လိုင်ချီးပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်ပြီး ယခုအခါ ဈေးကွက်များကျယ်ပြန့်လာခြင်း၊ ဝယ်ယူစားသုံးသူများပြားလာခြင်း၊ ဈေးကောင်းရရှိလာခြင်းတို့ကြောင့် တောင်သူများက စနစ်တကျ တိုးချဲ့စိုက်ပျိုးလာလျက်ရှိကြကြောင်း သိရသည်။

ဒေသထွက်လိုင်ချီးသီးများကို လိပ်သိုမြို့ပေါ်တွင်သာမက ပဲခူးတိုင်းဒေသကြီးနှင့် အခြားမြို့ကြီးများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရာသီဥတုပူပြင်းလာပြီး စမ်းချောင်းများ ရေခမ်းခြောက်သွားမှုကြောင့် လိုင်ချီးသီးများ သီးပွင့်ချိန် ရေလုံလောက်စွာ ပေးသွင်းနိုင်မှုမရှိသဖြင့် လိုင်ချီးသီးများ အထွက်နှုန်းကျဆင်းလာကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)