ရှမ်းရွာသစ် မေ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးအကြောင်းအရာများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးမှုဖြစ်ပေါ်လာခြင်း၏တွန်းအားပေးချက်များ၊ ကမ္ဘာတစ်ဝန်းတွင် လူကုန်ကူးမှုဖြစ်ပွားမှုအခြေအနေ၊ မြန်မာနိုင်ငံ၏လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ (၄)ရပ်၊ လူကုန်ကူးမှု၏အစိတ်အပိုင်း (၃)ရပ်၊ လူကုန်ကူးခံရသူများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအမျိုးသားအဆင့် (၅)နှစ် စီမံကိန်း၏ကဏ္ဍများ၊ လူကုန်ကူးမှုကို အဓိကဆွဲဆောင်သောအကြောင်းအရာများ၊ လူကုန်ကူးခံရသူများကို အကူအညီပေးရမည့်လိုအပ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒါဏ်များစသည့် လူကုန်ကူးမှုဆိုင်ရာသိသင့်သိထိုက်သည့်အကြောင်းအရာများကို ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)