သံတောင်ကြီး မေ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်ကျောင်းအဖြစ် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်သည်သာမက နှစ်တိုသီးနှံပင်များကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်တိုပင်ဖြစ်သည့် နနွင်းစိုက်ပျိုးခြင်း လုပ်ငန်းသည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။
နနွင်းများသည် နွေရာသီအချိန်တွင် စတင်တူးဖော်ပြီး အစိုလိုက်သော်လည်းကောင်း၊ အခြောက်ပြုလုပ်ရာတွင်လည်းကောင်း၊ ရောင်းချသည်သာမက တစ်ချို့နနွင်းစိုက် တောင်သူများမှာ နနွင်းမှုန့်များပြုလုပ်ပြီး ပြန်လည်ရောင်းချရာတွင် ဈေးကောင်းရရှိကြောင်း သိရသည်။
သံတောင်ကြီးဒေသထွက် နနွင်းမှုန်များမှာ သဘာဝစစ်စစ်ထုတ်လုပ်ရောင်းချသည်သာမက ပျားရည်၊ ပန်းခါးမှုန့်များနှင့်ရောကာ နနွင်းလုံးများပြုလုပ်သောက်သုံးကာ အစာအိမ်၊ လေထိုး၊ လေအောင့်၊ ဗိုက် နာရောဂါဝေဒနာများ သက်သာပြီး ဆေးဖက်ဝင်သည့်အတွက် သံတောင်ကြီးမြို့ပေါ်တွင် သာမက၊ တောင်ငူ၊ ရန်ကုန်နှင့်အခြားမြို့များအထိ ပါမှာယူတင်ပို့ ရောင်းချကြသည်။
အဆိုပါ သံတောင်ကြီးနနွင်းမှုန့်များမှာ သဘာဝစစ်စစ်ထုတ်လုပ်ရောင်းချပြီး ဆေးဖက်ဝင်သည့်အတွက် တစ်ပိဿာကိုကျပ်(၁၀၀၀၀)မှ ကျပ်(၁၂၀၀၀)အထိ ရရှိကြောင်း နနွင်းမှုန့်ထုတ်လုပ်ရောင်းချသူ နော်ကေမူးထံက သိရသည်။
နော်နော်မူ