လိပ်သို မေ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း နှင်းဆီဆောင်ခန်းမတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်လှစ်နိုင်ရေးအစည်းအဝေးတစ်ရပ်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်နာယကများနှင့် အမှုဆောင်များ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် လိပ်သိုမြို့ အ.ထ.က ကျောင်းအုပ်ဆရာမကြီးက အကျယ်တဝင့်ဆွေးနွေးပြီးနောက်၊ ကျောင်းအကျိုးတော်ဆောင်များဖြစ်ကြသော မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ မြို့မိမြို့ဖ ဉီးစောဂျေအေဝင်းမြင့်၊ အမှတ်(၆၀၃) ခြေမြန်တပ်ရင်းမှတာဝန်ရှိသူအသီးသီးတို့က ဆွေးနွေးအမှာစကား ပြောကြားခဲ့ကာ အစည်းအဝေးတက်ရောက်လာသူများက ကျောင်းဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားဟောင်းများနှင့် ကျောင်းသား/ကျောင်းသူများက ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)