နတ်တလင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးရာသီအတွက်(ပထမအကြိမ်)ဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များ လေလံရောင်းချ

နတ်တလင်း မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ခုနှစ် ငါးလုပ်ငန်းရာသီအတွက် (ပထမအကြိမ်) အင်းလေလံတင်ရောင်းချခြင်းကို ယနေ့နံနက် ၁၀ နာရီက နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အင်းလေလံပွဲကို တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းက ကြီးကြပ်သူအဖြစ်ဆောက်ရွက်၍ ပြည်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်၊ နတ်တလင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ မင်းလှမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးဦးဖြိုးဝေလင်းနှင့် အင်းလေလံရောင်းချရေး ကော်မတီဝင်တို့က နတ်တလင်းမြို့နယ်ရှိ အင်း(၄)အင်းကို (ပထမ)အကြိမ် လေလံတင်ရောင်ချရာ ၂၃၈၄၀၀ဝိ/-၊ သဲကုန်းမြို့နယ်အတွင်းရှိ ဂရန်အင်း(၇)အင်းကို (ပထမ)အကြိမ် လေလံတင်ရောင်းချရာ ၃၃၈၀၀၀ဝကျပ် တို့ကိုဈေးပြိုင်စနစ်ဖြင့် အင်းသားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး အင်းခွန်ငွေကျပ် ၂၇၂၂၅၀၀ဝိ/- (ကျပ်နှစ်ရာခုနစ်ဆယ် နှစ်သိန်းနှစ်သောင်းငါးထောင်ကျပ်တိတိ)အား နိုင်ငံတော်အခွန်ငွေရရှိခဲ့သည်။

ကျန်ရှိသောအင်းများ‌ကို မေလ ၃၁ ရက်နေ့၌ နတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး တွင် (ဒုတိယအကြိမ်) အင်းလေလံတင်ရောင်းချခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)