ဒိုက်ဦးမြို့နယ်၌ ၂ဝ၂၄-ခုနှစ် ခရိုင်အဆင့် အခြေခံစာတတ်မြောက်ရေး သင်တန်းဆင်းပွဲကျင်းပ

ဒိုက်ဦး မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ၂ဝ၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့်သင်တန်းဆင်းပွဲများကို ယနေ့တွင် သက်ဆိုင်ရာနေရာများ၌ ကျင်းပခဲ့‌ကြောင်းသိရသည်။

အဆိုပါသင်တန်းကို ဧပြီလ ၆ ရက်နေ့မှစတင်၍ မေလ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၄၀ အတွင်း သင်တန်းနည်းပြ(၅၈)ဦး၊ ကြီးကြပ် ၆ ဦးအား (၅၈)နေရာရှိ သင်တန်းသား စုစုပေါင်း (၅၈၅၆) ဦးကို သင်ကြားပေးခဲ့‌ကြောင်းသိရသည်။

သင်တန်းဆင်းပွဲသို့ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူးဒေါ်နော်ခရီစဲလ်ဒါနှင့် ပညာရေးဌာနမှတာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)