ရွှေတောင် မေ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၁၇ A)၊ ကွင်းအတွင်းရှိ တောင်သူ ဦးလင်းလင်း၏လယ်မြေ (၁၃) ဧကတွင် (နွေစပါး) ဗီယက်နမ် စပါးမျိုးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (ခရိုင်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီ) ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီ) ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ အိုးထိမ်းကုန်းကျေးရွာအုပ်စု၊ မင်းကွန်းကျေးရွာအုပ်စု၊ မီးလောင်ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်းအင်အား (၈၃) ဦးခန့် တက်ရောက်ခဲ့ကြပြီး (၁) ဧကစံကွက် (ကြီး) ရိတ်သိမ်းရာတွင် အစိုထွက်တင်း (၁၇၀.၆၅) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)