ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနက သောက်သုံးရေအခက်အခဲဖြစ်နေသော ကျည်တိုင်ကွင်း ကျေးရွာသို့ သောက်သုံးရေများလှူဒါန်းပေး

ကြံခင်း   မေ    ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ နွေရာသီကာလတွင် ရေတွင်း၊ ရေကန်များ၌ ရေများခန်း ခြောက်လာပြီးဖြစ်သဖြင့် သောက်သုံးရေအခက်အခဲဖြစ်ကာ လိုအပ်လျက်ရှိသော ရေနံတောင်ကျေးရွာအုပ်စု ကျည်တိုင်ကွင်းကျေးရွာသို့ ယမန်နေ့ညနေပိုင်းက  ရေဂါလန် (၁၀၀၀ )ကိုသွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးကိုကိုနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက   ရေနံတောင်ကျေးရွာအုပ်စုရှိ ကျည်တိုင်ကွင်းကျေးရွာ နေပြည်သူများ သောက်သုံးရေးရှားပါးပြတ်လပ်လျက်ရှိခြင်း၊ ဒေသနေပြည်သူများ ရေအခက်အခဲ ဖြစ်ခြင်းကြောင့်ရေနံတောင်ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကျည်တိုင် ကွင်းကျေးရွာနေ ပြည်သူများထံသို့ မီးသတ်ရေသယ်ယာဉ်ဖြင့် ရေဂါလံ(၁၀၀၀)ကိုသွား ရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)