ခန္တီး မေ ၁၅
နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ပြည်သူများအသိပညာအတတ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ တစ်ပိုင်တစ်နိုင်စီးပွားဖြစ် ထုတ်လုပ်ရောင်းချတတ်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် လူငယ်အသက်မွေးဝမ်းကျောင်းပညာမုန့်မျိုးစုံလုပ်နည်းသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ခရိုင်လူငယ်ရေးရာကော်မတီ၊ ခရိုင်လူမှုဝန်ထမ်းရုံးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့မွန်း လွဲ(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရရှိသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူထွန်းက ငှက်ပျောပေါင်းပြုလုပ်ရာတွင်ပါဝင်သည့် ပါဝင်ပစ္စည်းများနှင့် ပတ်သက်၍ လည်းကောင်း၊ ထည့်သွင်းအသုံးပြုရမည့် အချိုးအဆများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူထွန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီနီအောင်တို့က လက်တွေ့သင်ကြားပြသရာ သင်တန်းသား/သူလေးများက စိတ်ပါဝင်စားစွာ လက်တွေ့လိုက်ပါလုပ်ဆောင် သင်ကြားလျက်ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)