မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မြို့သစ် မေ ၁၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ နွေရာသီကာလ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို မေလ ၁၃ရက်၊ မွန်းလွဲ ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ(၈)ဦးက "လူသားအားလုံးကျန်းမာဖို့၊ မူးယစ်ဆေးကိုရှောင်ရှားစို့" ခေါင်းစဥ်ဖြင့် ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်နှင့် အ.ထ.က(၁) အလယ်တန်းပြဆရာမ ဒေါ်နွယ်နွယ်ကျော်တို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)