နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံရုံးဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး                      

နတ်မောက် မေ ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း ဈေးတာဝန်ခံရုံးဆောက်လုပ်နေမှုအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဈေးကော်မတီဝင်တို့က ကြည့်ရှုခဲ့ကြရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ တာဝန်ခံအင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း