နတ်မောက် မေ ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ် (၇) ရပ်ကွက်တွင် အသံချဲ့စက်ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့အသိပညာပေးနိုးဆော်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်သို့ လှည့်လည်၍ ပြည်သူများသိရှိလိုက်နာဆောင်ရွက်နိုင်စေရန် လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေး အန္တရာယ်တို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန်နှင့် လေပြင်းဘေးကြိုတင်ကာကွယ်နိုင်စေရန် အသိပညာပေးနိုးဆော်ခဲ့ကြပြီး လမ်းသွားလမ်းလာပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဦးလှဝင်း