မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရပ်ကွက်‌နေပြည်သူများ မီးဘေးအန္တရာယ်မဖြစ်ပွားစေရန် မီးဘေးသတိမူရေး နှိုးဆော်

မြို့သစ် မေ ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ရပ်ကွက်‌နေပြည်သူများ မီးဘေးအန္တရာယ်မဖြစ်ပွားစေရန် ရည်ရွယ်၍ မီးသတ်ဦးစီးဌာန ဝန်ထမ်းများမှ လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ပွင့်လင်းခြောက်သွေ့သော နွေရာသီဖြစ်သောကြောင့် မြို့နယ်အတွင်း မီးလောင်မူနှင့် မီးလန့်မူမဖြစ်ပွားစေရန်နှင့် မီးလောင်ဆုံးရှုံးမူ လျော့နည်းစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးအရာရှိ၏ လမ်းညွန်မူဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် အပတ်စဉ် မီးဘေးကြိုတင်ကာကွယ်ရေး မီးဘေးသတိမူရေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)