အထက်မင်းလှ မေ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက် (၈)နာရီက သံပုရာကန်ကျေးရွာနှင့် ရွာတော်ကျေးရွာတွင် လှည့်လည်နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့နှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လေပြင်းဘေးနှင့် မိုးကြိုးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန်၊ သတိပြု၍ ရှောင်ရှားသင့်သည့် အပြုအမူများသိရှိနိုင်စေရန်နှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေးအသိပေးချက်များကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် လှည့်လည်နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ပြီး ကျေးရွာနေပြည်သူများအား လေပြင်းဘေးနှင့် မိုးကြိုးဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)