ကျွန်းစု မေ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက သဲချောင်းကျေးရွာနှင့် စခန်းသစ်ကျေးရွာတို့တွင် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်း၊ Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် UID နံပါတ်ပါ ကတ်ပြားများ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ဦးစီးမှူး ဦးမျိုးမြင့် ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့် နိုင်(၃)ကနှင့် အသက် ၁၈ နှစ်ပြည့်နိုင်(၆)က၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် UID ထုတ်ပေးခြင်းကိုတစ်ပါတည်းဆောင်ရွက်ပေးခဲ့သည်။
Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် UID နံပါတ်ပါ ကတ်ပြားများထုတ်ပေးခြင်းကို ၂၀၂၃ ခုနှစ် ဇွန်လ(၃၀)ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ကျွန်းစုမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား/သူများ၊ ပြည်သူလူထုများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ရာ မေလ(၁၃)ရက်နေ့အထိ QR Code ပါသည့် ဂဏန်း(၁၀)လုံး ပါသော UID နံပါတ်ပါသည့်စာရွက် ပြန်လည်ထုတ်ပေးပြီးသူ (၂၂၄၉၅) ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ထက်မြင့် (ကျွန်းစု)