၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုမင်းလှမြို့နယ်အတွင်းရှိ မဲရုံးပေါင်း(၁၁၇) ရုံတွင် ကျင်းပလျက်ရှိ

မင်းလှ(အောက်) နိုဝင်ဘာ

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ() ရက်နေ့၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး ကို တစ်ပြိုင်တည်းကျင်းပ လျက် ရှိရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ မဲရုံးပေါင်း(၁၁၇) ရုံတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့်အညီ နံနက်၆ နာရီမှ စတင်ကာမဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးနေ လျက်ရှိကြောင်းသိရသည်။

အဆိုပါဒေသခံမဲဆန္ဒရှင်များက ဆန္ဒမဲပြားများကို တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် တဖွဲဖွဲလာရောက်မဲပေးကြခြင်း၊ မဲရုံများတွင် တာဝန်ထမ်းဆောင်နေကြသူများက စနစ်တကျဝိုင်းဝန်း ကူညီပေးခြင်းတို့ကြောင့် ရွေးကောက်ပွဲကိုအေးချမ်းစွာ ကျင်းပနေလျက် ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ(၉၉၆၃၁)ဦးရှိရာ ကြိုတင်မဲပေးပြီးသူ(၁၆၀၀၀)ဦးကျော်ခန့်ရှိကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မြေအမှတ်()နှင့်() တို့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတတ်ရေးပါတီတို့မှ ကိုယ်စားလှယ် လောင်းများ နှင် ကရင်တိုင်းရင်သားလူမျိုးတွင်()ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းသိရသည်။

ပေါက်စ မင်းလှ