မင်းလှမြို့နယ် ထန်းပင်ကုန်းအုပ်စုအတွင်းရှိ အမိုးလန်/ပြိုလဲနေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

မင်းလှ မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်/ပြိုလဲပျက်စီးခဲ့သော ထန်းပင်ကုန်းအုပ်စုရှိ နေအိမ်(၅၃)လုံးမှ ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ‌ ထောက်ပံ့ငွေများ ပြည်သူများလက်ဝယ်အရောက်ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်‌ကေသီမြင့်နှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများက ထန်းပင်ကုန်းအုပ်စုအတွင်းရှိ ထန်းပင်ကုန်းကျေးရွာ၊ ချောင်းနက်ကျေးရွာ၊ နတ်ထမင်းကျေးရွာ၊ ပျဉ်းမကုန်းကျေးရွာတို့တွင် ပြိုလဲပျက်စီးနေအိမ်(၁၉)လုံးနှင့် အမိုးလန်ပျက်စီးနေအိမ် (၃၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၄၀၀၀၀ဝ)ကျပ်၊  အိမ်ထောင်စု(၅၃)စုရှိ လေဘေးသင့်လူဦးရေ(၁၉၈)ဦးအတွက်  ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောင်ပံ့ငွေ(၄၁၅၈၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၈၁၅၈၀၀)ကျပ်နှင့် ပြိုလဲနေအိမ်(၁၉)လုံးအား ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါပုံး(၁၉)ပုံး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)