မြောင်းမြမြို့တွင် ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

မြောင်းမြ မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ခရိုင်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူ (၅၃) ဦးအတွက် သုံးလစာ ဆန်ရိက္ခာများ ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြောင်းမြခရိုင်အတွင်းရှိ (မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ) မြို့နယ်များသို့ ရောက်ရှိ နေကြသော ယာယီနေရပ်စွန့်ခွာသူ (၅၃) ဦးတို့အတွက် ဆန်ရိက္ခာပြတ်လပ်မှုမရှိစေဘဲ စာဝတ်နေရေး အဆင်ပြေစေရေးအတွက် တစ်ဦးလျှင် ဆန်နို့ဆီ(၂)ဗူးနှုန်းဖြင့် (၃) လစာထောက်ပံ့ပေးသည့် ဆန် (၄၉) အိတ်အား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့် အတူထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)