ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းအလှပြင်သင်တန်းဖွင့်လှစ်

ညောင်တုန်း မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့တို့ ပူး‌ပေါင်း၍ ပန်းအလှပြင်သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဒုတိဥက္ကဋ္ဌ ဦးအေးကျော်က အဖွင့်အမှာစကား ပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ပန်းအလှပြင်သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင် သင်တန်းနည်းပြ ဒေါ်အေးမိစံမှ ပန်းအလှပြင်ရာတွင် အရေးကြီးသည့် အ‌ခြေခံအချက်များအား စာတွေ့လက်တွေ့သင်ကြားပို့ချရာ သင်တန်းသား၊ သင်တန်းသူက စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)