ကျွန်းလှ မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး အင်္ဂလိပ်စာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက နွေရာသီကျောင်းပိတ်ရက် ကျောင်းသား ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာ အရေးအဖတ် ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာမအား ဂုဏ်ပြုငွေနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရကျောင်းသား၊ ကျောင်းသူများကို ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဧပြီ ၂၅ ရက်နေ့မှ မေ ၁၄ ရက်နေ့ထိ ရက်ပေါင်း (၂၀) ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း၊ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ