သဲကုန်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

သဲကုန်း မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးဆိုင်ရာ အသိပညာပေး​ဆွေးနွေးပွဲကို ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာများအရောက် ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သဲကုန်းမြို့နယ်၊ အင်းပေါ်ငယ်အုပ်စ၊ ရန္တကူးဘုန်း​တော်ကြီး​ကျောင်း၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ဆင်မြီးဆွဲမြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးကျော်က ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိတ်ဆက်စကားပြောကြားပြီး ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်​စေ​ရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာ​စေ​ရေးအတွက် အခက်အခဲများဖြေရှင်းပေးနိုင်ရန်နှင့် နည်းစနစ်များမျှဝေပေးနိုင်ရန် ယခုလိုဆွေးနွေးပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် လိုအပ်သည်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေး​နွေးစေလို​ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို အသိပညာပေးဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြရာ ဒေသခံတောင်သူ (၄၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)