ကော့သောင်းမြို့ Community Centre ခန်းမတွင် Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ကော့သောင်း မေလ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် Book Club အဖွဲ့ဝင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစီမံချက်များ ဆွေးနွေးပြောကြားပြီး Book Club အဖွဲ့ဝင် ဦးလင်းနိုင်က ရန်ကုန်ဘဆွေ၏ "သေသော်မှတည့်ဪကောင်း‌၏" စာအုပ်ပါ အကြောင်းအရာများအား ဆွေးနွေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်ပြဘုတ်များ၊ စာအုပ်စာစောင်ပြပွဲများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)