ခန္တီး မေ ၁၄
နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ပြည်သူများ အသိပညာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တစ်ပိုင်တစ်နိုင်စီးပွားဖြစ် ထုတ်လုပ်ရောင်းချတတ်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် လူငယ်အသက်မွေးဝမ်းကျောင်းပညာ မုန့်မျိုးစုံလုပ်နည်း သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခရိုင်လူငယ်ရေးရာကော်မတီ၊ ခရိုင်လူမှုဝန်ထမ်းရုံးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က အဆိုပါလူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူထွန်းက မလိုင်လုံး ပြုလုပ်ရာတွင်ပါဝင်သည့် ပါဝင်ပစ္စည်းများနှင့် ပတ်သက်၍လည်းကောင်း၊ ထည့်သွင်း အသုံးပြုရမည့် အချိုးအဆများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်နီနီအောင်က လက်တွေ့သင်ကြားပြသရာ သင်တန်းသား/သူလေးများက စိတ်ပါဝင်စားစွာ လက်တွေ့လိုက်ပါလုပ်ဆောင် သင်ကြားလျက်ရှိသည်။
အဆိုပါ လူငယ်အသက်မွေးဝမ်းကျောင်းပညာ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းတွင် (၁)ရက်လျှင် မုန့်လုပ်နည်းတစ်မျိုးနှုန်းဖြင့် (၁၃-၅-၂၀၂၄) ရက်နေ့မှ (၁၇-၅-၂၀၂၄) ရက်နေ့အထိ (၅)ရက်တာ သင်ကြား ပို့ချသွားမည်ဖြစ်ပြီး ခန္တီးမြို့ ပေါ်ရပ်ကွက်များရှိ သင်တန်းသား/သူ(၃၀) ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)