ကုန်းလမ်းပို့‌ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကော့သောင်း မေ ‌၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကုန်းလမ်းပို့‌ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၇) နာရီခွဲခန့်က  ကော့သောင်းမြို့ ခရိုင်မီးသတ်ဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ကုန်းလမ်းပို့‌ဆောင်‌ရေးညွှန်ကြားမှုဦးစီးဌာန ကော့သောင်းခရိုင်ရုံးမှ စစ်ဆေးရေးမှူး-၃ ဦးကျော်စိုးဟန်က ဌာန၏ အဓိက ရည်မှန်းချက်သည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဖြစ်ကြောင်း ပြောကြားပြီး ယာဉ်မောင်းနှင်ခြင်းမပြုမီ စစ်ဆေးရမည့် အချက်များ၊ အထူးသတိပြုပါရန် အချက်များ၊ အန္တရာယ် ကင်းရှင်းစေသည့် လုပ်ဆောင်ချက်များ၊ အမြန်နှုန်း ကန့်သတ်ချက်များ၊ အမြန်လမ်းမကြီးတွင် ယာဉ်မောင်းစဉ် လိုက်နာရမည့် အချက်များ၊ ယာဉ်မောင်းသူများလိုက်နာရန် အချက်များ၊ ယာဉ်မောင်းကောင်းတစ်ဦး၏ အရည်အချင်း၊ လမ်းညွှန်းများအကြောင်းနှင့် ယာဉ်မောင်းများအတွက် လမ်းညွှန်ချက်အားအကြောင်း ရှင်းလင်းပြောကြားပြီး ဟောပြောပွဲ တက်ရောက်လာသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)