ကျောင်းကုန်းမြို့တွင် မဲဆန္ဒရှင်ပြည်သူများ စည်းကမ်းကျနစွာ ဆန္ဒမဲပေး

ကျောင်းကုန်း နိုဝင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် မဲရုံအမှတ်(၂)တွင် ယနေ့နံနက်၆ နာရီအချိန် မဲရုံမှူး ဦးမြင့်စိုးမှ မဲရုံဖွင့်လှစ်ကြောင်း ကြေညာပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းနှင့်ဇနီးဒေါ်သဲမာထွေး တို့က စတင်ဆန္ဒမဲပေးခဲ့ကြသည်။

မဲဆန္ဒရှင်ပြည်သူများက နံနက် ၅ နာရီအချိန်မှ စတင်ရောက်ရှိကာ စနစ်တကျတန်းစီ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာကာ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲပေး ခဲ့ကြသည်။

မြို့ပေါ်ရပ်ကွက်များဖြစ်သောအမှတ်(၁)ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) ရပ်ကွက် မြို့သစ်အခြေခံပညာမူလတန်းကျောင်းနှင့် အောက်ပိုင်း အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)တို့တွင်လည်း စနစ်တကျ ဆန္ဒမဲပေးနေကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)