ရေနံချောင်းတက္ကသိုလ်၌ သင်ကြားသင်ယူမှုဖွံ့ဖြိုးတိုးတက်စေရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရေနံချောင်း မေ ၁၄

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ သင်ကြားသင်ယူမှုဖွံ့ဖြိုးတိုးတက်စေရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက သစ္စာဆောင်အခန်းအမှတ်(၁၀၁)တွင် ဆက်လက်ကျင်းပလျက်ရှိသည်။

အလုပ်ရုံဆွေးနွေးပွဲကို မေ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ ငါးရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က Research and management ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်က Teaching & Learning Strategy base on AUN-QA ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အင်ဂျင်နီယာဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲထွန်းက Engineer Work ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သင်တန်းရေးရာဌာန(ဌာနမှူး) ဒေါ်ညွှန့်ညွှန့်ဝင်းက သင်တန်းရေးရာသိမှတ်ဖွယ်ရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီမံ/ဘဏ္ဍာဌာန(ဌာနမှူး) ဒေါ်တင်တင်အေးက စီမံ/ဘဏ္ဍာရေးရာသိမှတ်ဖွယ်ရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သမိုင်းဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာကျော်ဆွေဦးက Mindset in Learning & Teaching ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အင်္ဂလိပ်စာဌာန တွဲဖက်ပါမောက္ခ(ဌာနမှူး) ဒေါ်အေးသန္တာဝင်းက Quality Question Formating & Quality Research ခေါင်းစဉ်ဖြင့်လည်းကောင်း နေ့စဉ်နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ သင်တန်း/စီမံ(ဌာနမှူး)များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခများနှင့် သင်တန်းသား ၁၀ ဦး၊ သင်တန်းသူ ၄၈ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)