ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာများသို့ လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ဆင်ပေါင်ဝဲ မေ ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာများသို့ လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကျေးရွာများအရောက် လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ လိုက်လံဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်း ဦးဆောင်သော ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောက်ဆောင်စမ်းကျေးရွာ၊ ကျောက်ဖြူတောင်ကျေးရွာနှင့် စည်ပင်လှကျေးရွာများရှိ ပြည်သူများမှ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်တို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်စေရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန်၊ သတိပြုရှောင်ရှားသင့်သည့် အပြုမှုများကိုသိရှိစေရန်၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အသိပညာပေးချက်များကို လှည့်လည်အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)