မော်လမြိုင်ကျွန်း မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က လုပ်ငန်းများလုပ်ကိုင်ရာတွင် ဌာနဆိုင်ရာများအနေဖြင့် အခက်အခဲများရှိပါက ပြောကြားရန်၊ စိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ အဓိကဖြစ်သော ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စိုက်ပျိုးရေး အလေးထားဆောင်ရွက်ရန်၊ ဒေသအတွက်အမှန်အကျိုးရှိ မည့်လုပ်ငန်းဖြစ်စေရေး၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များဌာနဆိုင်ရာများအား ညွှန်ကြားပေးရန်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ရန်၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြကာ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းလွင်က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး၊ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရဲကိုမောင်(ပြန်/ဆက်)