ကော့ကရိတ် နိုဝင်ဘာ ၈
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပလျက်ရှိရာ မဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိသည်။
မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ သတ်မှတ်စည်းကမ်းများနှင့်အညီ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ကော့ကရိတ်မြို့နယ်အနေဖြင့် မဲရုံစုစုပေါင်း(၁၂၃)ရုံရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကိုဗစ် − ၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
စိုးထက်အောင်(ပြန်ဆက်)