ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲပြုလုပ်

ကသာ မေ ၁၄

ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက်(၁၁)နာရီအချိန်က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကို  ပြုလုပ်ဆောင်ရွက်ခဲ့သည်။

စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်စေခြင်းနှင့် တစ်ခါသုံးပလပ်စတစ်အန္တရာယ်အကြောင်း အသိပညာပေးခြင်းကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးငြိမ်းက ဟောပြောဆွေးနွေးခဲ့ရာတွင် ပလပ်စတစ်အိတ်လျှော့ချသုံးစွဲရန်၊ ကြွပ်ကြွပ်အိတ်များ၊ ပလပ်စတစ်အိတ်များဖြင့် ထုတ်ပိုးဝယ်ယူခြင်းမပြုလုပ်ကြရန်၊  ပလပ်စတစ်အိတ်များအစား ငှက်ပျောဖက်၊ အင်ဖက်၊ ဂျာနယ်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုး သုံးစွဲကြရန် ပလပ်စတစ် သုံးစွဲမှုထိန်းချုပ်လျှော့ချရန် နည်းလမ်းများအကြောင်းတို့ကို ပြည့်စုံစွာ ဆွေးနွေး ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲဆွေးနွေးပွဲသို့ ဒေသခံပြည်သူ (၂၃)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများအား ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်စေခြင်းနှင့် တစ်ခါသုံးပလပ် စတစ်အန္တရာယ်” အသိပညာပေးလက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)