ပဲခူး နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၊နံနက်(၆)နာရီမှစကာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တစ်ပြည်လုံးအတိုင်း အတာ ဖြင့် ကျင်းပပြုလုပ်ရာ ပဲခူးမြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင်လည်း ပြည်သူများဆန္ဒမဲများပေးလျှက်ရှိပါသည်။
ပဲခူးမြို့၌ ဆန္ဒမဲပေးခွင့်ရှိသောပြည်သူများသည် နံနက်(၅)နာရီအချိန်မှစ၍ မိမိတို့သက်ဆိုင်ရာ မဲဆန္ဒနယ်ရုံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နိုင်ငံသားအခွင့်အရေးအဖြစ် မဲဆန္ဒများပေးနိုင်ရေး စိတ်အား တက်ကြွစွာ စောင့်ဆိုင်းနေကြသည်။
ပဲခူးမြို့နယ်တွင် မဲရုံပေါင်း(၂၀၆)ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ (၃၉၆၇၁၁)ဦးနှင့် တိုင်းရင်းသားဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၆၃၉)ဦး၊ မသန်စွမ်း ဆန္ဒမဲပေးခွင့်ရှိသူ (၇၁၁)ဦးရှိပြီး ပါတီ(၉)ခု၊ ဝင်ရောက်ယှဉ်ပြိုင်သောလွှတ်တော်ကိုယ်စားလှယ်(၃၄)ဦး ရှိကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)