မင်းလှမြို့နယ်၌ (၂၀၂၄-၂၀၂၅) ခုနှစ်၊ မိုးရာသီအတွက် (ပထမအကြိမ်) ဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များ လေလံရောင်းချ

မင်းလှ မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) ခုနှစ် ငါးလုပ်ငန်းရာသီအတွက် (ပထမအကြိမ်) အင်းလေလံတင်ရောင်းချခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အင်းလေလံပွဲကို တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းက ကြီးကြပ်သူအဖြစ်ဆောက်ရွက်၍ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးဖြိုးဝေလင်းနှင့် အင်းလေလံရောင်းချရေး ကော်မတီဝင်တို့က မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဂရန်အင်း(၁၅)အင်းနှင့် အုတ်ဖိုမြို့နယ်အတွင်းရှိ တင်ဒါချက် (၄)ချက်ကို (ပထမ)အကြိမ် လေလံတင်ရောင်းချရာ ဂရန်အင်း(၁၀)အင်းနှင့် အုတ်ဖိုမြို့နယ်အတွင်းရှိ တင်ဒါချက် (၄) ချက်တို့ကို ဈေးပြိုင်စနစ်ဖြင့် အင်းသားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး အင်းခွန်ငွေကျပ်  ၃၉၈၈၀၀၀၀/- (ကျပ်သုံးရာကိုးဆယ်ရှစ်သိန်းရှစ်သောင်းကျပ်တိတိ)အား နိုင်ငံတော်အခွန်ငွေရရှိခဲ့သည်။

ကျန်ရှိသောအင်းများ‌ကို မေလ (၂၉) ရက်နေ့၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် (ဒုတိယအကြိမ်) အင်းလေလံတင်ရောင်းချခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ (ပြန်/ဆက်)