ကျောက်တံခါးမြို့နယ်တွင် တောင်သူအသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်

ကျောက်တံခါး မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးမှုအဖွဲ့မှ သက်ဆိုင်ရာဌာနများက တောင်သူများ လျာထားချက်ထက်ပြည့်မီကျော်လွန်စွာ စိုက်ပျိုးမွေးမြူနိုင်ရေးအတွက်ကဏ္ဍအလိုက် အသိပညာပေးဆွေးနွေးကြသည်။ ဆက်လက်၍ တက်ရောက်လာသောတောင်သူများမှသိလိုသည်များ မေးမြန်းရာတာဝန်ရှိများက ပြန်လည်ရှင်းလင်း ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီဝင်များ၊ တောင်သူများတက်ရောက်ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)