ပုသိမ် မေ ၁၃
ဧရာဝတီတိုင်းဒေသကြီးအတွင်း သောက်သုံးရေ ရှားပါးသည့် မြို့နယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ မီးသတ်ယာဉ်များဖြင့် သောက်သုံးရေများ အခမဲ့ပေးဝေခြင်းကို ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးမြင့်စိုး ဦးဆောင်၍ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့မှ ဘဲဂရက်ကျေးရွာအုပ်စု၊ ဘဲဂရက်ကလေးကျေးရွာသို့ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ရေဂါလန်(၄,၀၀၀)အားလည်းကောင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းအောင် ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့မှ ဒီဒူးကုန်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာသို့ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ရေဂါလန် (၁,၆ဝဝ)အားလည်းကောင်း၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးခင်ဇော်အောင် ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့မှ မဲကျော်ကျေးရွာအုပ်စု၊ ညောင်ချောင်းကလေး ကျေးရွာသို့ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ရေဂါလန် (၁,၆၀၀)အား လည်းကောင်း၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစိမ်းကိုကို ဦးဆောင်၍ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်(၇)ဦးတို့မှ အမှတ်(၁)ရပ်ကွက်၊ အာသောက ရာမဘုန်းတော်ကြီးကျောင်းသို့ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ရေဂါလန်(၈ဝဝ)အားလည်းကောင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးနောင်နောင် ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၆)ဦးတို့မှ အမှတ်(၁၃) ရပ်ကွက်၊ ရတနာစန်းကျောင်း ပရိယတ္တိစာသင်တိုက်သို့ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ရေဂါလန် (၁,၂၀၀)အား လည်းကောင်း အခမဲ့ရေပေးဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)