ရွှေတောင်မြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ

ရွှေတောင် မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု၊ ပုရပိုက်တန်း( ရွာဟောင်း)ကျေးရွာ ကွင်းအမှတ်( ၄၀၈)၊ ရွာဟောင်းကွင်း ဦးပိုင်အမှတ် ( ၅၃ခ/ ၁) တောင်သူဦးကျော်ဌေး၏နွေစပါး (YAR-14)(၁.၁၇)ဧကတွင် ယနေ့ နံနက်ပိုင်းက နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ)ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ)ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ နွားမယံကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာအုပ်စု၊ ကျွဲတလင်းကျေးရွာအုပ်စု၊ တံပူစားကျေးရွာအုပ်စု၊ ကွေ့မကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများနှင့်တောင်သူများ စုစုပေါင်းအင်အား (၈၇)ဦးခန့် တက်ရောက်ခဲ့ကြပြီး စံကွက် ၆.၆(၀.၀၀၁)ပတ်လည် ရိတ်သိမ်းရာတွင် အစိုထွက်တင်း ( ၁၄၁) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)